ဝန်ဆောင်မှုခေတ်နဲ့ ISO (9001-2015)

ဒီနေ့ခေတ်မှာ မိတ်ဆွေက စီးပွါးရေးလုပ်ငန်းရှင်ဆိုရင် သေချာတာတစ်ခုကတော့ မိတ်ဆွေရဲ့ လုပ်ငန်းမှာ ဝန်ဆောင်မှုဆိုတာ . . .

ဒီနေ့ခေတ်မှာ မိတ်ဆွေက စီးပွါးရေးလုပ်ငန်းရှင်ဆိုရင် သေချာတာတစ်ခုကတော့ မိတ်ဆွေရဲ့ လုပ်ငန်းမှာ ဝန်ဆောင်မှုဆိုတာ မပါလို့မဖြစ်တဲ့ ကိစ္စတစ်ခုပါ။

ဝန်ဆောင်မှုမကောင်းတဲ့ လုပ်ငန်းတိုင်းရဲ့ လားရာကတော့ Going Down ဖြစ်ပြီး ဈေးကွက်ကနေ ပျောက်ကွယ်သွားတဲ့အနေအထားထိ ဖြစ်နိုင်ပါတယ်။

ပစ္စည်းကွာလတီ ကောင်းခြင်းကလဲ ဝန်ဆောင်မှုကောင်းခြင်းကို တစ်နည်းအားဖြင့် သွယ်ဝိုက်ထောက်ခံပေးနေတာပါပဲ။ ဆိုတော့ ဘာပဲလုပ်လုပ် ဘာလုပ်ငန်းပဲလုပ်လုပ် ဝန်ဆောင်မှုကောင်းဖို့ဆိုတာ မဖြစ်မနေ ဒီနေ့ခေတ်ရဲ့ တောင်းဆိုချက်ကြီးဖြစ်တာကြောင့် လုပ်ငန်းတိုင်း လိုက်ပါစီးမျောမှ ဖြစ်မဲ့ ဈေးကွက်ရဲ့စီးကြောင်းကြီးတစ်ခုပါ

ဒီလိုအနေအထားမှာ ISO (9001-2015) Certificate ကတော့ မိတ်ဆွေလုပ်ငန်းအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာ စနစ်ကျ ကောင်းမွန်မှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်တဲ့အတွက် Quality.com.mm နဲ့ လက်တွဲပြီး စနစ်ကျ ပြည့်စုံတဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာတွေကို အဆင့်မြှင့်တင်နိုင်ပြီ ဖြစ်ပါတယ်။

  • ISO (9001-2015) မှာ လိုက်နာရမဲ့ စနစ်တွေနဲ့ ကိုက်ညီသော လုပ်ငန်းဝန်ဆောင်မှုဖြစ်အောင် အကြံပေးခြင်းမှအစ လေ့ကျင့်တပ်ဆင်ပေးခြင်းများ
  • သတ်မှတ်ကာလအတွင်း စစ်ဆေးမှုခံယူရန် အဆင်သင့်ဖြစ်ပြီဆိုပါက အချိန်နဲ့တပြေးညီ စစ်ဆေးပေးနိုင်မည့် ပညာရှင်အား ဖိတ်ခေါ်၍ အစစ်ဆေးခံခြင်း
  • စစ်ဆေးမှု ပြီးမြောက် အောင်မြင်သည်နှင့် Certificate ရရှိရန် လျှောက်ထားခြင်း
  • Certificate ကို လုပ်ငန်းရှင်ထံသို့ ဂုဏ်ယူစွာဖြင့် အပ်နှင်းပေးခြင်း

စတဲ့ လုပ်ငန်းစဉ်တွေကို ၄ လ အတွင်း အကောင်ထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် ..

မိတ်ဆွေက နှစ်ဝက်အတွင်းမှာ ပြိုင်ဘက်လုပ်ငန်းတွေထက် နှာတဖျားမက တကိုယ်လုံးသာတဲ့ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ISO Certificate ကို ပိုင်ဆိုင်ထားသော လုပ်ငန်းတစ်ခုအနေနဲ့ ဈေးကွက်မှာလဲ မျက်နှာပန်းအလွန်လှသလို ကာစတမ်မာတွေရဲ့ ယုံကြည်မှုတွေတိုးပွါးလာမှုကိုလဲ သိသိသာသာမြင်ရမှာပါ၊ ထို့အတူ လုပ်ငန်းတွင်း တာဝန်ယူမှု တာဝန်ခံမှုတွေ ပြတ်သားရှင်းလင်းပြီး မကြာခဏဖြေရှင်းနေရတဲ့ ပြဿနာတွေကို လျှော့ချနိုင်တော့ မလိုလားအပ်တဲ့ အရင်းအမြစ်သုံးစွဲနေရမှုတွေကို ၁၀၀% ကာကွယ်နိုင်သွားမှာပါ။

စီးပွါးရေးလုပ်ငန်းတိုင်းအတွက် ကောင်းကျိုးအလွန်ပေးသော Certificate ဖြစ်ခြင်းကြောင့် မိတ်ဆွေတို့အနေနဲ့ ချက်ချင်းအကောင်ထည်ဖော်ကြဖို့ အချိန်ကောင်းပါ ခင်ဗျာ။

You May Also Like